- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဆာလံကျမ်း28
Listen to this chapter
0:00
0:00
ကယ်တင်ခြင်းနှင့် တရားစီရင်ခြင်းအတွက် အော်ဟစ်ခြင်း
1
အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
2
အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
3
အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
4
သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
5
သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
ဆုတောင်းချက် ဖြေကြားတော်မူခြင်းအပေါ် အခြေခံသော ယုံကြည်ခြင်း
6
ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။
7
ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
ဘုရားသခင်၏လူတို့ ကယ်တင်ခြင်းရရန် ဆုတောင်းခြင်း
8
ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
9
ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။
Use ← → arrow keys to navigate
Settings
Reading Style
Typeface
Font Size px
Reading Width chars
Options
Study Note