ဆာလံကျမ်း 134
ထာဝရဘုရားကို ကောင်းကြီးပေးရန် အစေခံတို့၏ ခေါ်သံနှင့် ကောင်းကြီးပေးခြင်း 1–3
1
ထာဝရဘုရား၏ အိမ်တော်၌ ညဉ့်ယံစောင့် သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။
2
သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။
3
ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ သော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းကြီးပေးတော်မူပါ စေသော။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Study note