Skip to content

ဟေရှာယအနာဂတ္တိကျမ်း18

ကုရှပြည်အလွန်ရှိသော ပြည်သည် အမင်္ဂလာရှိ၏

1
အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ၍၊
2
ပင်လယ်လမ်းဖြင့်၎င်း၊ ရေပေါ်၌ဂမာလှေဖြင့် ၎င်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင် လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင် အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတံမန်တို့၊ သွားကြလော့။

လူအပေါင်းတို့အား ဘုရားသခင် အာရုံစိုက်ရန် ခေါ်ခြင်း

3
လောကီနိုင်ငံ၌ နေသောမြေကြီးသား အပေါင်း တို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။

ထာဝရဘုရား၏ တိတ်ဆိတ်၍ ပြတ်သားသော လုပ်ဆောင်ချက်

4
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့၎င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ငါသည်ကျိန်းဝပ်၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည်။
5
စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည်။
6
သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေ ကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။

နောင်ကာလ၌ ဇိအုန်တွင် လက်အောက်ခံ၍ ဝတ်ပြုခြင်း

7
ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း။
Use arrow keys to navigate
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options