Skip to content
ဇာခရိအနာဂတ္တိကျမ်း 9:2-5

ဇာခရိအနာဂတ္တိကျမ်း 9:2-5

2
ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌၎င်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌၎င်း သင့်ရောက်ပေ၏။
3
တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊
4
ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။
5
ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options