ဇာခရိအနာဂတ္တိကျမ်း 7:7-9
7
ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။
8
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား၊
9
တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်