Skip to content
ရှောလမုန်သီချင်း 3:1-4

ရှောလမုန်သီချင်း 3:1-4

1
ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ် မှာ ငါရှာ၏။ ရှာသော်လည်းမတွေ့။
2
ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။
3
မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
4
သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
Settings

Reading Style

Typeface

Font Size 19px

Options