Skip to content
ရှောလမုန်သီချင်း 1:7-8

ချစ်သူသည် မိမိသိုးစုကို ကျွေးမွေးရာအရပ်

ရှောလမုန်သီချင်း 1:7-8
7
ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
8
မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်