Skip to content
ရောမဩဝါဒစာ 9:30-33

ဣသရေလအမျိုး ပျက်ကွက်ရခြင်း၏ အကြောင်း

ရောမဩဝါဒစာ 9:30-33
30
ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။
31
ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။
32
အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း။
33
ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်