Skip to content
ရောမဩဝါဒစာ 16:17-20

ကွဲပြားခြင်းနှင့် မှားယွင်းသောသွန်သင်ခြင်းကို သတိပေးခြင်း

ရောမဩဝါဒစာ 16:17-20
17
ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။
18
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ၏။
19
သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား၊ အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။
20
ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်သင်တို့၌ ရှိပါစေသော။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options