ဗျာဒိတ်ကျမ်း 9:14-16
14
ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား၏။
15
ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ။ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။
16
မြင်းစီးသူရဲတို့၏ အရေအတွက်ကား ၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။
Settings