ဆာလံကျမ်း 99:1-4
1
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
2
ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ် တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း ရှိတော်မူ၏။
3
ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း။
4
တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
Settings