Skip to content
ဆာလံကျမ်း 88:14-18

ဘုရားသခင်နှင့် လူတို့ စွန့်ပစ်ခြင်း

ဆာလံကျမ်း 88:14-18
14
အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
15
အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
16
အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
17
ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ် တည်း ဝန်းရံကြပါ၏။
18
ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options