Skip to content
ဆာလံကျမ်း 78:59-66

ဘုရားသခင်သည် ရှိလောနှင့် ဧဖရိမ်ကို ပယ်တော်မူခြင်း

ဆာလံကျမ်း 78:59-66
59
ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက် တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာ သဖြင့်၊
60
ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ၏။
61
တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ၎င်း၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ၎င်း စီရင် တော်မူ၏။
62
မိမိလူတို့ကိုလည်း ထားဘေး၌ အပ်၍၊ အမွေ တော်ကို အမျက်ထွက်တော်မူ၏။
63
လူပျိုတို့သည် မီးလောင်ခြင်းကိုခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။
64
ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံး သော်လည်း၊ မုတ်ဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
65
ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူ ကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့၎င်း နိုးတော်မူ၏။
66
ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်