2
အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ပါစေသော။
3
အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့ လှန်ခြင်းကို ခံရကြပါစေသော။