Skip to content
ဆာလံကျမ်း 7:11-16

ဘုရားသခင်၏တရားစီရင်ခြင်း မလွဲမသွေဖြစ်ခြင်း

ဆာလံကျမ်း 7:11-16
11
ဘုရားသခင်သည် တရားသဖြင့် စီရင်သော ဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏။
12
ထိုသူသည်မပြောင်းလဲလျှင် ထားတော်ကို သွေး တော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။
13
သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြှားတော်တို့ကို လောင်စေတော်မူ၏။
14
ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ ၏။ မကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဘွားမြင်တတ်၏။
15
တွင်းကိုလည်း နက်စွာတူးသဖြင့်၊ မိမိတူးသော တွင်းထဲသို့ မိမိကျတတ်၏။
16
မိမိမကောင်းသော အကြံအစည်သည် မိမိ ခေါင်းပေါ်မှာ ပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှု သည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options