Skip to content
ဆာလံကျမ်း 35:7-12

ဆာလံကျမ်း 35:7-12

7
အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။
8
ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။
9
သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည်။
10
အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည်။
11
မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
12
ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options