Skip to content
ဆာလံကျမ်း 35:19-26

ဆာလံကျမ်း 35:19-26

19
မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့်။
20
အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။
21
အကျွန်ုပ်ကိုပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22
အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
23
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။
24
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။
25
အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။
26
အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options