Skip to content
ဆာလံကျမ်း 27:7-12

ဆာလံကျမ်း 27:7-12

7
အိုထာဝရဘုရား၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။
8
ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။
9
အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
10
ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
11
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
12
မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options