အကြောင်းအရာသို့ ကျော်သွားရန်
ဆာလံကျမ်း 24:7-10

ဘုန်းကြီးသောရှင်ဘုရင် ကြွဝင်တော်မူခြင်း

ဆာလံကျမ်း 24:7-10
7
အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။
8
ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
9
အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။
10
ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options