Skip to content
ဆာလံကျမ်း 147:12-20

ဇိအုန်သည် လုံခြုံခြင်းနှင့် တရားတော်အတွက် ဘုရားသခင်ကို ချီးမွမ်းခြင်း

ဆာလံကျမ်း 147:12-20
12
အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
13
အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
14
သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။
15
မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
16
မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
17
မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။
18
တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
19
နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။
20
အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options