ဘုရားသခင်၏ မျက်မှောက်တော်မှ လွတ်မြောက်ရာမရှိခြင်း
7
ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
8
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ၏။
9
နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌ နေလျှင်၊
10
ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
11
အကယ်၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
12
အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဉ့်သည် နေကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ၏။
Settings