အကြောင်းအရာသို့ ကျော်သွားရန်
ဆာလံကျမ်း 119:89-96

လာမက်—ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထာဝရတည်မြဲခြင်း

ဆာလံကျမ်း 119:89-96
89
အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
90
သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည်အမြဲနေပါ၏။
91
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
92
အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌မွေ့လျော် ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။
93
ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ၏။
94
အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
95
အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။
96
ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options