ဆာလံကျမ်း 102:3-6
3
အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
4
အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။
5
ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
6
အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
Settings