Skip to content
သုတ္တံကျမ်း 30:15-17

ကိန်းဂဏန်းပုံစံပညာစကား—မရောင့်ရဲနိုင်သောအရာများ

သုတ္တံကျမ်း 30:15-17
15
မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
16
သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။
17
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options