Skip to content
သုတ္တံကျမ်း 19:25-29

မိုက်သောသူနှင့်မထီမဲ့မြင်ပြုသူတို့ကိုဆက်ဆံခြင်း

သုတ္တံကျမ်း 19:25-29
25
မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဉာဏ်တိမ် သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသော သူကိုဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည် လိမ့်မည်။
26
အဘဥစ္စာကိုဖြုန်း၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကိုခံစေသော သားဖြစ်၏။
27
ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှါ၊ သွန်သင် သော သူ၏စကားကို နားမထောင်နှင့်။
28
အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ်၏။ မတရားသော သူသည်လည်း၊ ဒုစရိုက်ကို စား၍ မျိုတတ်၏။
29
မထီမဲ့မြင်ပြုသောသူတို့အဘို့ အပြစ်စီရင်ခြင်း၊ မိုက်သော သူတို့၏ကျောအဘို့ ဒဏ်ပေးခြင်းသည် အသင့် ရှိ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options