Skip to content
သုတ္တံကျမ်း 12:24-28

သုတ္တံကျမ်း 12:24-28

24
လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
25
ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
26
ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
27
ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
28
ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။
Settings

Reading Style

Typeface

Font Size 19px

Options