သုတ္တံကျမ်း 11:9-14
9
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10
တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11
တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12
ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13
လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14
အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
Settings