ဖိလေမုန်ဩဝါဒစာ 1:17-19
17
သို့ဖြစ်၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။
18
သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။
19
ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။