Skip to content
ဖိလေမုန်ဩဝါဒစာ 1:10-16

ဖိလေမုန်ဩဝါဒစာ 1:10-16

10
ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော၊
11
သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ၏။
12
ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
13
ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊
14
သင်သည်ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ်၍၊ သင်၏ အခွင့်မရှိလျှင် အလျှင်းမပြုလို။
15
ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။
16
ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options