တောလည်ရာကျမ်း 9:18-20
18
ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
19
မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
20
မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်