တောလည်ရာကျမ်း 6:20-22
20
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။
21
ဤရှေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ၏။
22
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings