တောလည်ရာကျမ်း 29:40
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 40 ကို ပြသနေသည်။
37
သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
38
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
39
ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။
40
ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings