တောလည်ရာကျမ်း 23:3-5
3
ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။
4
ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။
5
ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
Settings