တောလည်ရာကျမ်း 23:1-4
1
ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း၊
2
ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ၏။
3
ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။
4
ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။
Settings