Skip to content
တောလည်ရာကျမ်း 21:10-20

တောလည်ရာကျမ်း 21:10-20

10
တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
11
ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
12
ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
13
ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
14
ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
15
အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
16
အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
17
ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
18
တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
19
ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
20
ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options