Skip to content
တောလည်ရာကျမ်း 13:26-29

သူလျှိုများသည် ကာဒေရှမြို့သို့ ပြန်လာခြင်း

တောလည်ရာကျမ်း 13:26-29
26
မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
27
မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
28
သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
29
အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options