Skip to content
နေဟမိမှတ်စာ 3:6-12

အနောက်မြောက်မြို့ရိုး—တံခါးဟောင်းမှ ချိုင့်တံခါးတိုင်အောင်

နေဟမိမှတ်စာ 3:6-12
6
တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
7
သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။
8
သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။
9
သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖါယပြင်၏။
10
သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင်၏။
11
ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ၏။
12
သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options