အကြောင်းအရာသို့ ကျော်သွားရန်
နေဟမိမှတ်စာ 11:15-19

လေဝိသား၊ သီချင်းသည်များနှင့် တံခါးစောင့်များ

နေဟမိမှတ်စာ 11:15-19
15
လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊
16
လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။
17
အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
18
သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။
19
တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options