- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
မိက္ခာအနာဂတ္တိကျမ်း 3:2-12
2
သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
3
ငါ့လူတို့၏အသားကို စားလျက်၊ အရေကို ခွာ လျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊
4
သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည်။
မမှန်သော ပရောဖက်များကို ရှုတ်ချခြင်း
5
ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
6
သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညဉ့်အချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည်။
7
ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
8
ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
ပြည့်စုံသော စွဲချက်တင်ခြင်းနှင့် နောက်ဆုံးပျက်စီးခြင်း
9
ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်း သောတရားကို ဖျက်လျက်၊
10
လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နား ထောင်ကြပါလော့။
11
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။
12
ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။
ဤကျမ်းပိုဒ်တွင်
- မည်သူ
- မည်သည့်နေရာ
- မည်သည့်အချိန်
- About
ဆက်စပ်ကျမ်းချက်များ
ကျမ်းစာ၏ အခြားနေရာများတွင် ဤသို့ဖော်ပြထားသည်။
ယေရမိအနာဂတ္တိကျမ်း 6:13
အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။အခန်းငယ် 11 မှဟေရှာယအနာဂတ္တိကျမ်း 58:1
အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့ သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။အခန်းငယ် 8 မှဟေရှာယအနာဂတ္တိကျမ်း 1:23
သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။အခန်းငယ် 9 မှကောရိန္သုဩဝါဒစာပဌမစောင် 2:12
ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။အခန်းငယ် 8 မှကောရိန္သုဩဝါဒစာပဌမစောင် 2:13
ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။အခန်းငယ် 8 မှမိက္ခာအနာဂတ္တိကျမ်း 3:5
ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊အခန်းငယ် 11 မှယေရမိအနာဂတ္တိကျမ်း 26:18
ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။အခန်းငယ် 12 မှကောရိန္သုဩဝါဒစာပဌမစောင် 2:4
သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊အခန်းငယ် 8 မှယေဇကျေလအနာဂတ္တိကျမ်း 22:27
မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။အခန်းငယ် 2 မှယေရမိအနာဂတ္တိကျမ်း 7:4
ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။အခန်းငယ် 11 မှဆာလံကျမ်း 14:4
မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော။အခန်းငယ် 3 မှဟေရှာယအနာဂတ္တိကျမ်း 1:15
သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။အခန်းငယ် 4 မှ
လေ့လာမှုမှတ်စု
Settings