ရှင်မာကုခရစ်ဝင် 16:1-4
1
ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊
2
ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။
3
ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
4
ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။
Settings