ပညတ်တရားကို အောက်မေ့ကြလော့၊ ဧလိယ ရောက်လာမည်
4
ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ဟော ရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏ တရား တည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ ကြလော့။
5
ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။
6
ငါသည် လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်