ရှင်လုကာခရစ်ဝင် 22:10-13
10
ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊
11
ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
12
ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
13
တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်