ရှင်လုကာခရစ်ဝင် 16:11-13
11
သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။
12
သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။
13
အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings