ရှင်လုကာခရစ်ဝင် 13:33-34
33
သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။
34
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့ သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။
Settings