အကြောင်းအရာသို့ ကျော်သွားရန်
ဝတ်ပြုရာကျမ်း 4:22-26

မင်းအုပ်ချုပ်သူအတွက် ယဇ်

ဝတ်ပြုရာကျမ်း 4:22-26
22
မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
23
မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည်။
24
ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း။
25
ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏ အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
26
မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options