Skip to content
ယေရမိမြည်တမ်းစကား 1:12-17

ယေရုရှလင်သည် ကမ္ဘာကို ပြောဆိုခြင်း

ယေရမိမြည်တမ်းစကား 1:12-17
12
အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။
13
အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။
14
ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။
15
ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နင်းနယ်တော်မူပြီ။
16
ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည် ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့် စေသောသူသည် ငါနှင့်ဝေးပါ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။
17
ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့်စေသောသူမရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options