တရားသူကြီးမှတ်စာ 21:5-12
5
ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
6
ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
7
ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
8
ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
9
လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
10
ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
11
သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
12
စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
Settings