Skip to content
တရားသူကြီးမှတ်စာ 13:9-11

တရားသူကြီးမှတ်စာ 13:9-11

9
ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။
10
မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊
11
မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်