Skip to content
ယောရှုမှတ်စာ 12:7-23

ယောရှုမှတ်စာ 12:7-23

7
ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
8
စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
9
ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
10
ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
11
ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
12
ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
13
ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
14
ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
15
လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
16
မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
17
တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
18
အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
19
မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
20
ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
21
တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
22
ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
23
ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
Settings

Reading Style

Typeface

Font Size 19px

Options