ရှင်ယောဟန်ခရစ်ဝင် 9:35-38
35
နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
36
သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
37
ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
38
သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
Settings